Propolis သည် ဂရိအမည်ဖြစ်သည်။ Pro = မတိုင်မီ၊ Polis = မြို့တော်။ Aristo Alexander (အရစ္စတို အလက်ဇန္ဒား) ၏ တွေးခေါ်ပညာရှင်က (မြို့တော်ကို ကာကွယ်သူ)အဖြစ် အဓိပ္ပါယ်ရခဲ့သည်။ အဘယ်ကြောင့်ဆိုသော် Propolis သည် ပျားအုံကို ကာကွယ်၍ ၄င်း၏ပျားများအား ပိုးမွှားနှင့် ကူးစက်ခြင်း မခံရအောင် လုပ်ပေးသည်။ အဘယ်ကြောင့်ဆိုသော် ချောမွေ့၍ လူသားများအတွက် ကျန်းမာစေရန် အရည်အသွေးများကြောင့်ဖြစ်သည်။
BC.5500 ပါတ်ဝန်းကျင်တွင် ရှေးအီဂျစ်နိုင်ငံမှစ၍ လူများနှင့် Propolis တို့ ဆက်စပ်ပါတ်သက်ခဲ့ ကြသည်။ အီဂျစ်တို့သည် ချောမွေ့ရန်၊ ကုသရန်၊ ခန္ဓာကိုယ်အစိတ်အပိုင်း၊ အလောင်းတစ်ခုကို မပျက်စီး စေရန် ထိန်းသိမ်းစောင့်ရှောက်ပေးသည်။ တစ်နေ့တွင် ပြန်ရှင်လာမည်ဟု ထင်ခဲ့ကြသည်။
နှစ်ပေါင်း(၃၀၀၀)ကြာသော် ဂရိတို့သည် Propolis က ဒဏ်ရာများကို ပျောက်ကင်းစေပြီး အမျိုးမျိုးသော ဖျားနာခြင်းတို့ကို ကုသနိုင်ကြောင်း နားလည်ခဲ့ကြသည်။ Pharaohs (ဖာရိုးကဲ့သို့) အလက်ဇန္ဒား၏ ခန္ဓာ ကိုယ်ကို Propolis ရောစပ်ပြီး လိမ်းပေးခဲ့သည်။ အလက်ဇန္ဒား၏တွေးခေါ်ပညာရှင်သည် တက္ကသိုလ် ဆရာတစ်ဦးဖြစ်၍ ပျားအုံမှ လက်ဆောင်ကို နှစ်ခြိုက်ခဲ့သည်။ သူသည် ပျားအုံနှင့် ပျားဘုရင်မတို့ အကြောင်း သိပ္ပံနည်းကျ ပထမဆုံးလေ့လာခဲ့သည်။ သူတို့ကို စောင့်ကြည့်ရန် ဖန်ပျားအုံတစ်ခုပင် တည်ဆောက်ခဲ့သည်။ သို့သော် အထဲတွင် စေးကပ်သော မဲမှောင်သော Propolis ကို လိမ်းကျံခဲ့သည့် တိုင်အောင် ပျားများအား ရွေ့လျားရန် ငြင်းဆန်ခဲ့ကြသည်။
ရောမများသည် Propolis အကြောင်း ဗဟုသုတနှင့် ပျားစောင့်ရှောက်ခြင်းတို့အား စီးပွားရေးအတွက် တိုးတက်စွာနောက်ထပ်ပြုလုပ်ခဲ့သည်။ ရောမစစ်သားများက တိုက်ပွဲထွက်လျင် ဒဏ်ရာလိမ်းကျံရန်နှင့် အားဆေးအဖြစ်သောက်ရန် သယ်ဆောင်ခဲ့ကြသည်။ အမျိုးသမီးများအား ခန္ဓာကိုယ်လှပရန်အတွက်၊ မျက်နှာချောမွေ့ရန်အတွက် သုံးခဲ့ကြည်သည်။ အမျိုးသမီးဆိုင်ရာ ကျန်းမာရေး ပြဿနာများ ကိုလည်း ဖြေရှင်းခဲ့ကြသည်။ (အမျိုးသမီးများ၏ မိတ်ဆွေဟုလည်း အမည်ခေါ်တွင်ခဲ့သည်)
1990 ခုနှစ်တွင် ပြည်သူများစွာက ကျန်းမာရေးကိစ္စများတွင် အတွေ့အကြုံများကို စိတ်ဝင်တစား ပြော ဆိုခဲ့လာကြသည်။ ခေတ်သစ်ဆေးဝါးများမကုသနိုင်သည့်အရာများကိုပင် လူနာများအတွက် အောင်မြင် စွာဆောင်ရွက်နိုင်ကြောင်း GP အချို့က ဖော်ပြခဲ့သည်။ Propolis သည် ထို့နောက် ကောင်းစွာကျော် ကြားခဲ့သည်။
မူရင်းသမိုင်းကြောင်းအား (အနီးစပ်ဆုံးဘာသာပြန်ဖေါ်ပြသည်)